Wednesday, July 1, 2015

                  သံခိပ်

 

သူ့ဘ၀သူ စိတ်နာလို့
သူကိုယ်တိုင် မရေးမခြစ်ဘဲထားတဲ့ အတ္ထု ပတိကို
အမှိုက်ပုံတစ်ပုံအား ပလပ်စတစ်ကောက်ကလေးငယ်များဖွသလို ဖွနေရတာ
ပျော်လား
ဒီလို အဖြစ်မျိုးတွေ ကမ္ဘာကြီးပေါ်မှာ ရှိနေလား။

ချစ်သူနှစ်ဦးရဲ့ နှစ်ရှည်လများ ချစ်ခြင်းကို
နွားတစ်ကောင်လို ကြိုးတုပ်၊ငယ်ထိပ်တည့်တည့် တူနဲ့ထုနှက်
အသေသတ်။
အရေဆုတ်။
အသားညှင်း။
မီးပြင်းပေး။
ရေနွေးမြည်း။
မိတ်ဆွေတို့ရဲ့ စကားဝိုင်းလေး ခရီးတွင်ပါရဲ့လား
ပျော်လား
ဒီလို အဖြစ်မျိုးတွေ ကမ္ဘာကြီးပေါ်မှာ ရှိနေလား။

ကြောက်ချင်ယောင်ဆောင်ထားတဲ့ ကျောက်ချဉ်ခဲ အဖြူရောင်လေးပါ
နောက်ကျုနေတဲ့ သောက်သုံးရေထဲ ထည့်စိမ်လိုက်
မိတ်ဆွေတို့ လိုအပ်နေတဲ့ ရေသန့်သန့် သောက်သုံးရမှာပါ
အဲသလို၊ကမ္ဘာလုံးပေါ်မှာ ကျကျနန ထိုင် 
ကိုယ့်အနာဂတ်ကိုယ် အနိုင်ယူထားသူ
ချစ်သူငယ်ချင်းတို့က ငါ့အကြောင်းကို မူဟန်အသွယ်သွယ် တွေးခေါ်ကြ
ပျားတွေတုပ်ကြ။
ခရာတွေတုပ်ကြ။
ကြက်တူရွေးလို နုတ်တိုက် လိုက်ဆိုကြ။
ကျီးတွေအာသလို အာကြ။အာဖြစ်ဖို့သာ အဓိက။
ပျော်လား....ပျော်လား
အဲသလို ပျော်လားလို့မေးတော့ နားကြားပြင်း ကပ်လား
ပျော်လား....ပျော်လား
ငါ့ဘ၀ အနားသတ်မျဉ်းကို ကြည့်ပြီး စိုးစိတ်တွေနဲ့
ငါ့အနားတိုးကပ် ငါ့ဘ၀ကို မျှင်းမျှင်းသတ်နေရတာကို
ခံစားမှုတွေ အုတ်အော်သောင်းတင်း ဒဏ်ရာကိုယ်စီကိုယ်ငှ
တစ်ယောက်ကိုတစ်ယောက် ဝေကြမျှကြ၊မြိန်ရည် ယှက်ရည် လွှေးကြ
ဘာရယ်တော့ မဟုတ်ပါဘူး
မှုန့်မှုန့်ညက်မျှ ထုခြေခြင်းခံထားရသော ဘ၀အလွှာမှ ပေးပို့သော
ထုခြေလွှာတစ်ဆောင်ရယ်ပါ
"ရိုးသက်"လို့ အမည်ရပါတယ်
စာရွက်အလွတ်မှာ ဘာစာလုံးမှ မရေးဘဲ
"ရိုးသက်"လို့ ရေးလိုက်ရုံနဲ့ 
ကဗျာအထမြောက်နေပြီ
အဲသလို မသူတော်စိတ်နဲ့ လရောင်ဆမ်းပြီး
ကဗျာတစ်ပုဒ်ကို ဖန်ဆင်းသူကြီးပေါ့.....
ကိုယ့်ဘာသာ တိုးတိုးတိတ်တိတ် တစ်ကိုယ်တော် အသည်းကွဲတာတောင်
တိုင်းသိပြည်သိ အသည်းကွဲလို့ ကွဲရ
မဟုတ်မှ လွဲရော
မဟုတ်လို့ လွဲခဲ့ကြရတာပဲ
ခင်ဗျားတို့။ကျွန်တော်တို့လည်း မဟုတ်မှ လွဲရော
အခုထိတော့ ဟုတ်နေကြပါသေးတယ်
ကဲ၊လွမ်းလိုက်
ပုဝါကူခွင့်ပေးတယ်။
ရေရူခွင့်ပေးတယ်။

                                 ရိုးသက်
           ဇူလိုင်၊ ၂၀၁၅၊ ရယ်စရာ မဂ္ဂဇင်း
 

Saturday, March 28, 2015

သွင်သွင်


                         သွင်သွင်

 

ငါ့ဆီက အများကြီး မျှော်လင့်မထားသင့်ဘူး
ကခဲ့တဲ့ ကကြိုးကကွက်တိုင်း အလံ မလွှင့်နိုင်ပေမဲ့
ကမ္ဘာမြေပေါ် စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေက အစ
ပုဂ္ဂို လ်ရေးဆန်မနေကြ။

အချို့ အချို့သော စိတ်ရဲ့ စိမ့်ယိုပေါက်တွေကို
လှည့်မကြည့်ပေမဲ့ မြင်တွေ့နေရ
ငါ့နှလုံးသားလေးကလည်း မမြင်ယောင် မပြုနိုင်ရှာ
စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေမှာ
ကျောင်းနေအရွယ် အသက်မပြည့် စားပွဲထိုးလေးတွေ
တည်ခင်းဧည့်ခံ စားသောက်ဖွယ်ရာများကို
အမှားကင်းစင်နယ်မြေက လာရောက်သူလို
ခန္နီစ ပြည့်ဝ လူကြီးလူကောင်းလို
ကမ္ဘာကြီးကို ပါရမီဖြည့်မယ့်သူလို
အဆင့်အတန်းရှိရှိ အရသာရှိရှိ မှာယူစားသောက်အပြီး
စားပွဲထိုးလေး သိမ်းဆည်းရင်း ကျကွဲသွားတဲ့ ပန်းကန်ထဲ
ငါ့ဘ၀ကလည်း ကျကွဲခဲ့ပါပြီ....
ငါ့ဆီက အများကြီး မျှော်လင့်မထားသင့်ဘူး။

အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ
ဆောက်သောတိုက်
အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ
ခင်းသောလမ်း
အဲ့ဒီတိုက်တွေ လမ်းတွေကလည်း ရောယောင်အသက်မပြည့်ကြ
နုနယ်အားကြီးတော့ ကြေကွဲ ပျ က်စီးလွယ်ကြ
တစ်နေ့တာ လုပ်အားခ ငွေကြေးဟာ
တစ်နေ့စာ စားပြီး သောက်ပြီး အတိုးသတ်အပြီး
သံသရာခရီးကို ပြီးပြီးရော သွားနေကြ
အလုပ်ရှိတယ် ပြောလို့ရပြီးရော ခရီးဆက်ကြ
မြန်မာပြည်မှာ နေထိုင်ပေမဲ့
သူတို့လေးတွေရဲ့ အနာဂတ်ဟာ
မြန်မာပြည်ထက် ပိုမို ကျယ်ဝန်း
ပြုံးလိုက်စမ်းပါ
ရွှန်းရွှန်းစားစားကြီးပြုံးလိုက်စမ်းပါ
ငါ့ဆီက အများကြီး မျှော်လင့်မထားသင့်ဘူး။

သွင်သွင်စီးသလား
သွင်သွင်ကျိုးသလား
ဒါနဲ့....မိတ်ဆွေတို့ရော ရှာဖွေတွေ့ရှိခဲ့ပါရဲ့လား
ကျောင်းနေစဉ် ပညာရှာတုန်းက
စာသင်ခန်းထဲက သင်ပုန်းပေါ်မှာ
သင်တို့ တစ်ဘ၀စာ ပုန်းလို့ ခိုလို့ရမယ့်နေရာ။         ။

                                                                     ရိုးသက်
                                                    april,2015.IDEA မဂ္ဂဇင်း  
                                                     သရုပ်ဖေါ်ပန်းချီ...လင်းငြိမ် 

Sunday, January 25, 2015

လက်ဖျံသွေးဖောက် သစ္စာရည်သောက်ကြတုန်းက "တက်" ခေါက်သံတွေ အိုင်ထွန်းလို့

              လက်ဖျံသွေးဖောက် သစ္စာရည်သောက်ကြတုန်းက

         " တက်" ခေါက်သံတွေ အိုင်ထွန်းလို့



ကျားဆိုးဖမ်းမယ့် စွန့်စားခန်းမှာ
ငါက၊ ကျားကို မျှားမယ့် အစာ
ဘာမှ မပြောနဲ့ 
ချက်ကောင်းသာပစ်ကြ ကျားဆိုးသာရပါစေ။

ထွက်ပြေးကြပြီဆိုရင်လည်း
ကျားက ငါ့ကို စားမကုန်ခင်
အရိပ် ခြေရာ တစ်စမကျန်အောင်  ပြေး
ကျားမပြောနဲ့
ငါ့စိတ်၊ငါ့ဝိဥာဉ်ကပါ မမြင်မတွေ့စေနဲ့။           ။

                                                    ရိုးသက်

                                ဖေဖ၀ါရီလ၊ ၂၀၁၅၊ IDEA မဂ္ဂဇင်း
                              သရုပ်ဖေါ်ပန်းချီ ...သက်ငြိမ်သစ်

Saturday, January 10, 2015

စိန်ခေါ်ပွဲ

                              စိန်ခေါ်ပွဲ



                                                                               
နားထဲမှာ နားမခံသာတော့ဘူး
ငြာသံက အများစုရဲ့အားကို အားတစ်ခုတည်း ဖြစ်စေတယ်
ညာတဲ့အသံက ဘ၀ ဘ၀တွေကို ကမောက်ကမဖြစ်စေတယ်
တစ်ယောက်လက်တစ်ယောက် ချိ တ်ပြီး ဆက်ရမယ့်ခရီးက
နွမ်းယဲ့ယဲ့နဲ့ တခမ်းတနား၊မိုးတစ်ဆုံးမြေတစ်ဆုံး
ငါတို့ပခုံးသားတွေ ကိုယ့်ရုပ်လုံးကိုယ် မဖေါ်နိုင်ဘဲ
ဘာကို ထမ်းလို့ထမ်းမှန်းမသိထမ်းနေရတာ
အသားမာတွေတက် ၀န်တွေပိ
နှလုံးသားလေးခမျာ မချိ တင်ကဲ စကားလေးတောင်
ပြောမထွက်တော့.......။

တစ်ရက်ပြီးတစ်ရက်
ရက်တွေသာ လည်ပတ်သွားကြ
အသက်တွေလည်း ရောရောင် ရက်လည်သွားကြ
ဒီမှာ မစို့မပို့ မျ က်ရည်လည်
ဒီမှာ မစို့မပို့ အသက်ရှူ
ဒီမှာ မစို့မပို့ စားသောက်
လူသူလေးပါး မကြားလောက်တဲ့  ရောက်တတ်ရာရာ
မျ က်လုံးအမြင်ကို မှောက်မှားစေမယ့်
မျ က်မှောက်အကြောင်းခြင်းရာ  ရောက်တတ်ရာရာ
လွမ်းဆွတ်ခြင်း ေ၀ယ် ာ၀စၥမ် ား  ရောက်တတ်ရာရာ
ပါးလျှ လွန်းသော ပွန်းပဲ့မှုပြောမဆုံးပေါင်များ
တစ်စစီ
တစ်စပြင်ပမာ
တစ်ကစပြီးပြင်ဆင်ဖို့အတွက်
ကိုယ့်ဘ၀ကိုယ် ရင်တမမနဲ့ ဖွဖွလေးသာ ကိုင်ထားကြပေတော့
ဥုံ   မခံစတမ်း ။              ။


                                                ရိုးသက်

                        စက်တင်ဘာလ၊ ၂၀၁၃၊ BEAUTY မဂ္ဂဇင်း
 

Thursday, January 8, 2015

အမြှိုက်မီး


                 အမြှိုက်မီး



ငြိမ်းသတ်ပြီးသား မီးကြွင်းမီးကျ န်က စတင်လောင်မြို က်သလို
ဖြစ်တည်ခဲ့သမျှ မြေပေါ်မြေအောက်ဖြစ်တည်မှု အရှိတရားများ
ဒီလိုပါပဲ.....
သို့လော....သို့လောနဲ့ သွားလေသူကိုသာ ပြန်လည်တမ်းတကြ
အစစ်အမှန်နိုးထပုံမရှိသော စိတ်ဝင်စားမှုများ
အရန်သင့်ပြင်ထားသော လောလောလတ်လတ်မောဟများ
ကွဲမလား၊ရှမလား စိုးထင့်ထင့်နဲ့ ခရီးပြင်းနှင်
လူထဲသူထဲ လူလုံးမကွဲဘူး
လူတောသူတောမှာ လူလိုသူလို
လူလိုဟစ်ဟစ်၊ဘယ်လိုဟစ်ဟစ်
သစ်သောဒုက္ခတောမှာ အမှန်တရားကို မျို ချ ရင်း
သင်းတို့ ကောက်ချ က်ဆွဲတိုင်း ငါက လဲကျ ရမှာလား
ငါ့ကို အင်တာမဗျူးရင် ငါ ဘယ်မေးခွန်းကိုမှ စားပွဲပေါ် မတင်
အခု၊
ဒုက္ခပင်လယ်ဝေမယ်
စနစ်တကျ တန်းစီကြပါ။မတိုးကြပါနဲ့။
အထင်တွေအားလုံး အမြင်တွေအားလုံး တက်တက်စင်လွဲပါလိမ့်မယ်။           ။


                                                                                    ရိုးသက်

                            ဇန္န၀ါရီလ၊ ၂၀၁၅၊ စုံနံ့သာ မဂ္ဂဇင်း(တစ်နှစ်ပြည့်  အထူးထုတ်) 
                            သရုပ်ဖေါ်ပန်းချီ၊ မောင်နိုး
                            ဇန္န၀ါရီလ၊ ၂၀၁၅၊ BEAUTY မဂ္ဂဇင်း
                            သရုပ်ဖေါ်ပန်းချီ  ကိုမောင်နိုး
               (ကျွန်တော့်ရဲ့ ကဗျာမတော်တဆမှုတစ်ခုပါ။)  အယ်ဒီတာ လူကြီးမင်းများနှင့် စာဖတ်သူများ
                 ခွင့်လွှတ်ပေးနိုင်ပါစေ... 

Sunday, January 4, 2015

ပင်ကိုယ်အလှ

           ပင်ကိုယ်အလှ

 

တစ်ဖက်ကလည်း  ချင့်ချိ န်ရောင်းသူ
တစ်ဖက်ကလည်း  ချင့်ချိ န်ဝယ်သူ။

တစ်ဖက်က  မြို့ ဈေးနဲ့ရချ င်လို့
တောကနေ အပင်ပမ်းခံ မြို့စွန်မြို့ဖျားဈေးတက်ရောင်းသူ
တစ်ဖက်ကလည်း တောဈေးနဲ့ ရချ င်လို့
မြို့ ကနေ အပင်ပမ်းခံ မြို့ စွန်မြို့ ဖျား ဈေးဆင်းဝယ်သူ။

အမှန်တရားတို့ ..နားစွန်နားဖျားကြားခြင်းမှ ကင်းပါစေ....
ကမ္ဘာ...ရောင်းပန်းဝယ်ပန်း လှပါစေ....
သမိုင်းဦးဘုံမြေမှစ ယနေ့ထိ
ဈေးတွက် တွက်၍ ကြည့်နေသူများကြားမှာ...။          ။

                                                            ရိုးသက်
                              စာ-၁၈၄၊ BEAUTY MAX မဂ္ဂဇင်း၊ ဇန္န၀ါရီလ၊ ၂၀၁၅ 
                              သရုပ်ဖေါ်ပန်းချီ  နော်အိမ်ခန့် 

 

Thursday, December 11, 2014

အခင်းဖြစ်တဲ့ အချိန်

              အခင်းဖြစ်တဲ့ အချိ န်

 

အခင်းဖြစ်တဲ့ အချိ န်က
ငါ့ဝမ်းသာမှုဟာ တရိပ်ရိပ်ထိုးတက်နေတဲ့ ဒီရေ
အခင်းဖြစ်တဲ့ အချိ န်က
စိတ်နဲ့ကိုယ်က သုံးရာသီမဟောင်းနွမ်းတဲ့ အ၀တ်အစားနဲ့
ရှေ့ရေးအတွက် အသစ်လွင်ဆုံး ကျ စ်လစ်တဲ့ အတွေးတို့နဲ့
အခင်းဖြစ်တဲ့ အချိ န်က
မီးခိုးမှိုင်းဝနေတဲ့ မီးအိမ်ကလေးကလည်း ပိုမို လင်းပနေသယောင်
အခင်းဖြစ်တဲ့ အချိ န်က
ကမ္ဘာကျော်ရေမွှေးတွေ မသုံးပါဘဲ ကမ္ဘာကြီးထက် မွှေးပျံ့လို့
အခင်းဖြစ်တဲ့ အချိ န်က
ပေါက်ကွဲဖို့ တာစူနေတဲ့ မီးတောင်ဝကို ငါ့ခြေအစုံနဲ့ ဖိပိတ်ထားမိသလိုလို
အခင်းဖြစ်တဲ့ အချိ န်က
သင်းကွပ်ခံရတဲ့ အတွေးတိမ်တိမ်တွေဟာ တိမ်ထုလို ဝေ့၀ဲစိုမိုးလို့
အခင်းဖြစ်တဲ့ အချိ န်က
ဘဏ်တိုက်ကြီးတွေက ငါ့ခြေဖ၀ါးအောက် ရောက်ရှိနေသယောင်ယောင်
အခင်းဖြစ်တဲ့ အချိ န်က
အိပ်မက်ဟူသမျှ ရေတိမ်ဖြစ်ဖြစ် ရေတိမ်နစ်နစ်ဆိုပြီး
ငါ့ကို မျ က်တောင်မခတ်တမ်း အံ့သြ၀မ်းသာ ငေးလို့
အခင်းဖြစ်တဲ့ အချိ န်က
မှိန်ဖျော့ ပုပ်အဲ့ အနာဂါတ်ဖုန်းဆိုးမြေတွေ
ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတယ်
အခင်းဖြစ်တဲ့ အချိ န်က
မြင်တွေ့မိသမျှ အရစ်ရစ် ရွှေရောင်လှိုင်းထလို့
အခင်းဖြစ်တဲ့ အချိ န်က
အိုမာခယမ်နဲ့ ဆန့်ကျ င်ဘက်စိတ်
အိုမာခယမ်က
"ဒုက္ခနဲ့ တစ်ခါကြုံ ရတိုင်း ချ စ်သူလက်ကို တစ်ခါကိုင်ပါရစေတဲ့..." တဲ့
အခု၊ ငါ့စိတ် အဲသလို မဟုတ်ဘူး
ကြီးမားလွန်းတဲ့ ရွှေကြောကြီးကို တွေ့လို့
ချ စ်သူလက်ကို ဆုပ်ကိုင်မိသလိုပါ့
အခင်းဖြစ်တဲ့ အချိ န်က
မိသားစုကို ပုခုံးသားအပြည့်နဲ့ အားပါးတရ ထမ်းလိုက်ရသလို
အခင်းဖြစ်တဲ့ အချိ န်က
မီးပွို င့်တိုင်းက ကွေ့ကားပဲလက္ခံတဲ့ မီးရောင်
အခင်းဖြစ်တဲ့ အချိ န်က
ငယ်ပေါင်း၊ ကြီးပေါင်း အားလုံး သောင်းသောင်းဖျ ဖျ
သံသေးသံပြာ အသံဆာဆာတွေနဲ့ ပျော်ရွှင်ကြလို့
အခင်းဖြစ်တဲ့ အချိ န်က
အခင်းဖြစ်တဲ့ အချိ န်က
ငါမှ မရှိရင် အစီအစဉ်မဲ့ ဒုက္ခရောက်တော့မလို့ တော်သေးတာပေါ့...
အခင်းဖြစ်တဲ့ အချိ န်က
ငါသာရှိမနေခဲ့ရင်
ငါ့ခ် စ္သူညီမေလး ထိတ္ထိတ္ပ် ာပ် ာ ဖြစ်နေလျှော့မယ်
ဟောဒီ့ ရွှေရောင်ဝင်းမှည့် စပါးခင်းကြီးကို
ရိတ်မယ့်သိမ်းမယ့်သူ ငါ မရှိလို့။                  ။


                                                            ရိုးသက်
                                      ဒီဇင်ဘာလ၊ ၂၀၁၄၊ THE ESSENCE မဂ္ဂဇင်း