Tuesday, April 17, 2012

''ဆပ်ကပ်သမား''

ငါ့ရင်ထဲ ပင်လယ်ပစ်ထည့်ပြီး
အဲဒီပင်လယ်ထဲ
ငမန်းတွေ မွေးမြူ ကြတယ်
အဲဒီအကြောင်း သီချင်းလုပ်ဆိုတော့
ပန်းသီးတစ်လုံးချကျွေးတယ်
ပန်းသီးဟာ
ကမ္ဘာပတ်လမ်းထဲကသစ်သီးဖြစ်တယ်
ငါဟာ
ကမ္ဘာမြေပေါ်ကလူသားဖြစ်တယ်
ငါ့ရင်ထဲပင်လယ်ပစ်ထည့်သူက
ဆိုးဆိုးရွားရွားနိုင်လွန်းတဲ့ ငါ့အတ္တဖြစ်တယ်
ဒါပေမဲ့
ငါက ပွင့်အားကောင်း မွှေးအားကောင်း
မြေခွေးတစ်ကောင်လို
လရောင်နဲ့ ပေါင်းသင်းနေထိုင်တယ် ။

မတော်မတည့် မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှာ
အဲသလိုပဲ ဆော့ပစားပြခဲ့တယ် ။

                                                   ရိုးသက်
                           ၂၀၀၃၊ ဧပြီ၊ ရုင်ရှင်တေးကဗျာ မဂ္ဂဇင်း

No comments:

Post a Comment