ကွယ်လွန်သူ ရိုးသက်
သေနေတဲ့အသေက
စိတ်လိုလက်ရ အဖြောင့်အသေ ။
အရှိ အကြောင်းအရာအတိုင်း
ဖော်ပြပါအတိုင်း
မဖော်ပြတော့ပါဟုဆိုသော အသေ။
လူ့ ဘဝနေ့ ရက်တွေကို
ပုန်းညှက်သီးလေးတစ်လုံးလို ရှင်ရင်း
အမည်မသိချစ်ခြင်းတစ်ခုကို ငင်ရင်း
အသက်တစ်ချောင်း ငင်သွားတယ်
အကျအပေါက်များများ သံယောဇဉ်ဝေယျာဝစ္စများနဲ့ 
ချွတ်ပေမဲ့ မကျွတ်မလွတ်တဲ့စိတ်များနဲ့ 
ရှင်၍လုံလောက်ရုံသာ ရှင်ခဲ့တဲ့အသေ။
အသက်ရှူ လိုစိတ်ကို
အရှု့ စိမ့်လို့  လျစ်လျူ ရှု လိုက်တဲ့အသေ။
ငယ်သူငယ်ချင်းက
ငယ်သံပါအောင် အော်ငိုနေတဲ့အငိုကို
အသေက လက်ခံစဉ်းစားဖို့  အချိန်မရ
ဒီမှာ ဘက်ကမ်းမှ ဟိုမှာဘက်ကမ်ဆီကူးဖို့ 
အားယူနေတဲ့ အုန်းပင်ကလေး အသေ။
အူဘယ်နှခွေ ကိုကို့ ဝမ်းထဲမှာ ရှိတာလဲ
ဝဋ် ဒုက္ခ ဘယ်နှခွေ ကိုကို့ ဝမ်းထဲမှာ ရှိတာလဲ
ကြည်နူးမှုတစ်ဝက်၊ ထိန်ချန်မှုတစ်ဝက်
အချစ်နဲ့ ပတ်သက်ခဲ့တဲ့အသေ။
ကြည့်လိုက်
အသေရဲ့ ခန္ဓာကိုယ်မှာ
အသေရဲ့ ဝိညဉ်လေးမှာ
အသေရဲ့ ချစ်မေတ္တာတော်မှာ
အိုင်းအနာကို ဆူး စူးသလို
အဆိုးကျိန်စာတွေ စူးစူးစိုက်ဝင်လို့ 
ကျေးဇူးပြု ပြီး
အသေကို ပွေ့ဖက်မငိုရှို က်လိုက်ပါနဲ့ 
အသေကို ခြေကန်ပြီး မငိုယိုကြပါနဲ့ 
နဂိုအတိုင်း ရှိရစ်သေရစ် ပါရစေ
နဂို အသေအတိုင်း ။ ။
ရိုးသက်
၂၀၀၅၊ ဒီဇင်ဘာ၊ ပိတောက်မြေ မဂ္ဂဇင်း
No comments:
Post a Comment