အသေလူ
အခု ကစားမှာ အချိန်ပို ဒုတိယပိုင်း
ငါကြိုသိပါတယ်
ရွှေဂိုးကို ငါမသွင်းနိုင်တော့ဘူး
အားပေးသူများကို လှည့်ကြည့်မိတော့
အားပါးပါး..ဘရုတပ်စ်တွေချည်းပါလား
မော်ကမှာတယ်
သူသေရင် ရုပ်တုမလုပ်ရ
မြို့ လမ်းနာမည် သူ့ နာမည်မပေးရတဲ့။
ငါမှာမယ်
သတိ သံဝေဂ ကြီးစွာနဲ့ ငါမှာမယ်
ငါသေရင်
ငါ့ဆွေမျိုးသားချင်း
ငါ့မိတ်ဆွေသူငယ်ချင်း
ဘယ်သူမှ အကြောင်းမကြားပါနဲ့ ။
ငါမှာမယ်
ငါသေရင် ငါ့အလောင်းကို ဖြစ်သလိုမြေမြုပ်ပါ
အုတ်ဂူ မလုပ်ပါနဲ့ ။
ငါမှာမယ်
သတိသံဝေဂကြီးစွာနဲ့ ငါမှာမယ်
လူ့ ဘဝခဏ ငယ်လေးမှာ
ငိုယို ညည်းတွားသံများ
ငါ မကြားလိုတော့ပါ ။ ။
ရိုးသက်
၂၀၀၃၊ နိုဝင်ဘာ၊ နွယ်နီ မဂ္ဂဇင်း
No comments:
Post a Comment