Thursday, December 11, 2014

အခင်းဖြစ်တဲ့ အချိန်

              အခင်းဖြစ်တဲ့ အချိ န်

 

အခင်းဖြစ်တဲ့ အချိ န်က
ငါ့ဝမ်းသာမှုဟာ တရိပ်ရိပ်ထိုးတက်နေတဲ့ ဒီရေ
အခင်းဖြစ်တဲ့ အချိ န်က
စိတ်နဲ့ကိုယ်က သုံးရာသီမဟောင်းနွမ်းတဲ့ အ၀တ်အစားနဲ့
ရှေ့ရေးအတွက် အသစ်လွင်ဆုံး ကျ စ်လစ်တဲ့ အတွေးတို့နဲ့
အခင်းဖြစ်တဲ့ အချိ န်က
မီးခိုးမှိုင်းဝနေတဲ့ မီးအိမ်ကလေးကလည်း ပိုမို လင်းပနေသယောင်
အခင်းဖြစ်တဲ့ အချိ န်က
ကမ္ဘာကျော်ရေမွှေးတွေ မသုံးပါဘဲ ကမ္ဘာကြီးထက် မွှေးပျံ့လို့
အခင်းဖြစ်တဲ့ အချိ န်က
ပေါက်ကွဲဖို့ တာစူနေတဲ့ မီးတောင်ဝကို ငါ့ခြေအစုံနဲ့ ဖိပိတ်ထားမိသလိုလို
အခင်းဖြစ်တဲ့ အချိ န်က
သင်းကွပ်ခံရတဲ့ အတွေးတိမ်တိမ်တွေဟာ တိမ်ထုလို ဝေ့၀ဲစိုမိုးလို့
အခင်းဖြစ်တဲ့ အချိ န်က
ဘဏ်တိုက်ကြီးတွေက ငါ့ခြေဖ၀ါးအောက် ရောက်ရှိနေသယောင်ယောင်
အခင်းဖြစ်တဲ့ အချိ န်က
အိပ်မက်ဟူသမျှ ရေတိမ်ဖြစ်ဖြစ် ရေတိမ်နစ်နစ်ဆိုပြီး
ငါ့ကို မျ က်တောင်မခတ်တမ်း အံ့သြ၀မ်းသာ ငေးလို့
အခင်းဖြစ်တဲ့ အချိ န်က
မှိန်ဖျော့ ပုပ်အဲ့ အနာဂါတ်ဖုန်းဆိုးမြေတွေ
ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတယ်
အခင်းဖြစ်တဲ့ အချိ န်က
မြင်တွေ့မိသမျှ အရစ်ရစ် ရွှေရောင်လှိုင်းထလို့
အခင်းဖြစ်တဲ့ အချိ န်က
အိုမာခယမ်နဲ့ ဆန့်ကျ င်ဘက်စိတ်
အိုမာခယမ်က
"ဒုက္ခနဲ့ တစ်ခါကြုံ ရတိုင်း ချ စ်သူလက်ကို တစ်ခါကိုင်ပါရစေတဲ့..." တဲ့
အခု၊ ငါ့စိတ် အဲသလို မဟုတ်ဘူး
ကြီးမားလွန်းတဲ့ ရွှေကြောကြီးကို တွေ့လို့
ချ စ်သူလက်ကို ဆုပ်ကိုင်မိသလိုပါ့
အခင်းဖြစ်တဲ့ အချိ န်က
မိသားစုကို ပုခုံးသားအပြည့်နဲ့ အားပါးတရ ထမ်းလိုက်ရသလို
အခင်းဖြစ်တဲ့ အချိ န်က
မီးပွို င့်တိုင်းက ကွေ့ကားပဲလက္ခံတဲ့ မီးရောင်
အခင်းဖြစ်တဲ့ အချိ န်က
ငယ်ပေါင်း၊ ကြီးပေါင်း အားလုံး သောင်းသောင်းဖျ ဖျ
သံသေးသံပြာ အသံဆာဆာတွေနဲ့ ပျော်ရွှင်ကြလို့
အခင်းဖြစ်တဲ့ အချိ န်က
အခင်းဖြစ်တဲ့ အချိ န်က
ငါမှ မရှိရင် အစီအစဉ်မဲ့ ဒုက္ခရောက်တော့မလို့ တော်သေးတာပေါ့...
အခင်းဖြစ်တဲ့ အချိ န်က
ငါသာရှိမနေခဲ့ရင်
ငါ့ခ် စ္သူညီမေလး ထိတ္ထိတ္ပ် ာပ် ာ ဖြစ်နေလျှော့မယ်
ဟောဒီ့ ရွှေရောင်ဝင်းမှည့် စပါးခင်းကြီးကို
ရိတ်မယ့်သိမ်းမယ့်သူ ငါ မရှိလို့။                  ။


                                                            ရိုးသက်
                                      ဒီဇင်ဘာလ၊ ၂၀၁၄၊ THE ESSENCE မဂ္ဂဇင်း
 

Friday, December 5, 2014

အလိုအတိုင်း

             အလိုအတိုင်း

 

 

အတ္တတွေ 
အဆင့်ဆင့် သွယ်ဆက်ပေါင်းကူး 
စတေးခဲ့သမျှ
နောင်တတွေ တစ်တောလုံး ဟည်းဟည်းထ
ငါ့ အလိုအတိုင်းဆို
အိုမင်းဟောင်းနွမ်းမရှိ ငြိမ်းချ မ်းမှုတွေ
ဧရာဝတီနဲ့အပြို င် စီးဆင်းတော့မယ်.....

ငါတို့ရဲ့ အ၀တ်တစ်ထည် ကိုယ်တစ်ခုနေ့များဟာ
ကရွတ်ကင်းခွေကလေးမဟုတ်
ဒါပေမယ့်....ဒီကိစ္စဟာ
အကျ ယ်တစ်ဝင့် ဖွဲ့နွဲ့ရမှာပါ။               ။

                                                        ရိုးသက်
                                       နိုဝင်ဘာလ၊၂၀၁၃၊ YOUTH မဂ္ဂဇင်း