Monday, April 16, 2012
''ကိုင်းခြောက်''
လေးနဲ့ မြားဟာ
ခြောင်းမြောင်းပစ်ခတ်ဖို့ တီထွင်ခဲ့တာပဲ
ကျွန်တော်ဆိုနေကျ သီချင်းက
အချစ်ရေးအဆင်မပြေခဲ့ဘူး
ထွေးထုတ်ခဲ့သောတံတွေးများ အဆင်ပြေနေ
ဒိုင်ယာရီထဲ ကြေမွခဲ့ အိပ်မက်များနဲ့ 
ဟင်္သာမလေးမရှိတော့တဲ့အခါ
တံခါးရွက်က ပတ်တာတွေဖြုတ်ပစ်မယ် ။
မေမေ.....
ပြောင်းဖူးစေ့ လက်တစ်ဆုပ်ပက်ကျဲချလိုက်တာနဲ့ 
ကျွန်တော်ဝမ်းနည်းတယ်
ဘဝဆိုတာ အဲဒီလိုကြီးလို့ 
ထင်မှ မထားခဲ့တာ ။  ။
                                  ရိုးသက်
                     အောက်တိုဘာ ၊၂၀၀၃
                    HEART မဂ္ဂဇင်း
No comments:
Post a Comment