ရိုးသက် ရက်လည်
အခါလည်သားဘဝမှာ
ငါကြီးပြင်းလာရင်
ဘာဖြစ်လောက်တယ် ညာဖြစ်လောက်တယ်
လူကြီးသူမများရဲ့  ထင်ကြေးများ
ထင်တဲ့အတိုင်း ကြေးမကြီးခဲ့တဲ့ဘဝနဲ့ 
ရိုးသက် ရက်လည်။
ထန်းလက်ကလေးနဲ့ ပေမယ့်လည်း
စိတ်အနေမကျုံ့ ရုံကလေး ကာထားပါရစေ
အပြာရောင်ကျကျ ချစ်ခြင်းများ
ချစ်နေရင်းပြာကျ သွားကြပေါ့။
သွားလေရာ လာလေရာ
လေသွားရာ လေသွားရာ
ငွေနံ့ သင်းသင်းတုတ်တံက
ဘဝအနာပေါ်ကိုမှ တည့်တည့်ကျ ရသလား
အဲဒီစကားကို
ချစ်သောပန်းကလေးရဲ့ ဝတ်မှုန်တွေကြားမှာ သိုဝှက်
လောကကြီးရဲ့ ရက်စက်မှုတွေ ကြည့်မြင်ခိုင်းလိုက်ရဲ့ 
ငွေကြေးတွေ စည်စည်မဝေဘဲ
ကြေးစည်သံတို့သာ ဝေဝေစီခဲ့
ရိုးသက် ရက်လည်။
ေေေေ သောက်သုံးခဲ့သမျှ ရေများစွာဟာ
မျက်ရည်အတွက်သက်သက်ပင် ဖြစ်ရ
ငါ့ရင်ထွက်ပစ္စည်း အနုပညာကစ္စည်းနဲ့ 
ငြိမ်းချမ်းရေးကို ကမ္ပည်းထိုးလိုက်ပြီ။
ရင်.....ရင်ဟူသမျှ ငြိမ်းချမ်းစေသား
စစ်မက်ဟူရာ ပ, ပျောက်စေသား
ရေနည်းငါးများ ပျော်ရွှင်ပါစေသား
လောကဓံတရား
ငါ့အားအောင်သေအောင်သားအဖြစ် စားလော့
ရိုးသက် ရက်လည်ဆွမ်းသွတ်မှာ ။
ရိုးသက်
၂၀၀၈၊ မေ၊ စရဏ မဂ္ဂဇင်း
No comments:
Post a Comment