သစ်တစ်ပင်ရဲ့နာရေး
လဲကျ သစ်တစ်ပင်မှာခုတ်ရာ ထစ်ရာ ဒဏ်ရာ ဗရပွ။
ပက်လက်ဝင်းဝင်း
ရင်ဟောင်းလောင်းပွင့် ထွင်းဆစ်ခံထား။
ရှင်ခဲ့ချိ န်မှာလည်း
တစ်မှေးမှိတ်ဖို့ အရိပ်ရအောင် ဖြာခဲ့ ဝေခဲ့။
ကဲ.......အခု သေပြီ
ငါ့ဆံပင်၊ ငါ့ခြေ၊ ငါ့လက်ကိုဖြတ်
ငါ့ရင်ကိုထွင်းထား
လူသားတို့.....
မြစ်ကူးချောင်းခြား ရှေ့ခရီးသွားဖို့
ငါ့ရင်ထဲဝင် လိုရာနှင်လော့........။
ညီမလေးချ စ်သူ......
ငါဟာ သစ်တစ်ပင်ဖြစ်တယ်။
မင်းဟာ လူသားစစ်စစ်ဖြစ်တယ်။ ။
ရိုးသက်
ဖေဖ၀ါရီလ၊ ၂၀၁၄၊ YOUTH မဂ္ဂဇင်း
No comments:
Post a Comment