လျှောက်ခဲ့သောလမ်း
ပွင့်ခဲ့တယ်.......
မီးပြင်းတိုက်မှ ပွင့်ရတဲ့
ပေါက်ပေါက်ပွင့်တွေလို.......
ဝေခဲ့တယ်........
မီးပြင်းတိုက်မှ ဝေရတဲ့
ထမင်းတစ်အိုးလို.........
သီးခဲ့တယ်........
ရင်ပွင့်မတတ် လောင်ကျွမ်းခံ အလင်းပေး
မီးသီးလေးတစ်လုံးလို........
ရှင်ခဲ့တယ်........
သက်တမ်းရင့်လေ
ခန္ခာကိုယ်ကြွက်သားတွေ မာကျောလာလေ
အင်ကြင်းတစ်ပင်လို.........
ချ စ်ခဲ့ရပါတယ်........
မန်ကျ ည်းပင် အကြို အကြားက
ကျ လာတဲ့ လရောင်ဟာ ချ ဉ်မနေသလို
တမာပင် အကြို အကြားက
ကျ လာတဲ့ လရောင်ဟာ ခါးမနေသလို
အရာရာမှာ ပိုပိုသာသာနဲ့။ ။
ရိုးသက်
သြဂုတ်လ၊၂၀၁၄၊ MIRROR မဂ္ဂဇင်း
No comments:
Post a Comment