Showing posts with label သေသူ၏ ဆန္ဒအရ. Show all posts
Showing posts with label သေသူ၏ ဆန္ဒအရ. Show all posts

Thursday, October 30, 2014

သေသူ၏ ဆန္ဒအရ

                 သေသူ၏ ဆန္ဒအရ



                                                                           ရိုးသက်


ပင့်သက်အဆင့်ဆင့်နဲ့ နှစ်လိုဖွယ်ရာ ဘ၀တစ်ခုမှာ
ဝမ်းစာရှာဖွေရခြင်းအား
ပြို င်ပွဲဝင် ပြို င်ကားတစ်စင်း  မောင်းနှင်ရသလို
မောင်းနှင်ခဲ့ရပါတယ်။

အစာလည်း မကျေ ခဲ့ပါ
ကမ္ဘာလည်း မကြေခဲ့ပါ
တစ်ဖက်ကမ်းကို
အမြင်တစ်ဖက်ကန်းနေတဲ့ အမှန်တရားတွေနဲ့ ရင်ဆိုင်ပြီး
ဖြောင့်တန်းစွာ ကူးသွားခဲ့ပါပြီ
ကျွန်တော် လွတ်မြောက်ခဲ့ပါတယ်
နှောင်းလူတို့အား
မည်သို့မည်ပုံ လွတ်မြောက်ခဲ့ကြောင်း
စီကာပတ်ကုံး ပြောပြချင်မိပေမယ့်
တမင်တကာ မေ့ပစ်မှုကြောင့် မေ့လျှော့သွားခဲ့ပါတယ်။

ကျ န်ရှိခဲ့သော ဘ၀မှာ
ပေး၍မကုန် လှူ ၍မခန်းကား
ချစ်ခြင်းမေတ္တာတရားသာ ရှိခဲ့ပါတယ်။

တစ်နွယ်ဆို ထိုထိုသော တစ်နွယ်ကိုသာ
ငင်တတ်လေသော
နွမ်းယဲ့ယဲ့ နှလုံးသားလေးခမျာလည်း
မတန်တစ်ဆ၀န်တွေထမ်းလို့
ပန်းကလေးနား ရစ်ဝဲရင်း
ဝတ်ရည်မစားသုံးရလို့ ငတ်မွတ်သေဆုံးသွားတဲ့
ပျားပိတုန်းလိုလား
ကမ္ဘာကြီးကို အရိပ်တကြည့်ကြည့် ကြည့်ရှုရင်း
အသံတိတ် အကြည့်တွေကို တတ်နိုင်သလောက် ရှောင်ရင်း
ကြီးကျ ယ်ခမ်းနားမှုတွေနဲ့ ကိုယ့်စိတ်ကိုယ်
ထီးဖြူ ဆောင်းပေးရင်း
သွေးကြွနေတဲ့ အမြှု ပ်တစီစီတွေကို သံဝေဂနဲ့ သေးမောရင်း
ကွယ်လွန်ခဲ့ပါပြီ.....
ဒီဝိဥာဉ်က
ကျ န်ရှိခဲ့တဲ့ ဟိုခန္ခာကိုယ်ကို
နေ့မကူး ညမကူးပဲ
ကမ္ဘာမြေရဲ့ ရင်လွှာကိုခွဲ
ကမ္ဘာကြီးရဲ့ ရင်ခွင်ပိုက်မှုကိုပဲ မက်မောကြောင်း
အဲဒီခန္ဒာကိုယ်က ပိုင်ဆိုင်ခဲ့သမျှ ကိုတော့
သူ့နှလုံးသား ပိုင်ဆိုင်သူကိုသာ ပေးအပ်ပါကြောင်း
အဲဒီခန္ဒာကိုယ်ရဲ့
ဒီဝိဥာဉ်က ရေးဖွဲ့သမျှ ကိုတော့
ကမ္ဘာစဉ် ကမ္ဘာဆက် ကမ္ဘာကြီးကသာ ပိုင်ဆိုင်ပါကြောင်း 
ကြမ်းတမ်းမှုကို နူးညံ့မှုနဲ့
အစားထိုး တင်ဆက်ခဲ့ပါတယ်။          ။
                                                             ရိုးသက်

                                         စက်တင်ဘာလ၊ ၂၀၁၃ ၊ပေဖူးလွှာမဂ္ဂဇင်း