အမြင့်ဆုံးဘား
အဆီအငေါ်မတည့် နေ့ရက်တွေ
မြေသားဖုထစ်ပေါ်မှာ
ရင်းနှီးသူပမာ မားမားရပ်လို့
ငါ့ကို မေတ္တာပို့တယ်။
အဲ့ဒီနောက် ရောင်စုံလိပ်ပြာတွေ
ငါ့ရင်မှာ ဥဒဟိုလူးလာ
ဘာကြာမှာလဲ
ကြာလှ မျ က်တောင်တစ်ခတ်ပေါ့
ငါ ဘာကိုမှ အလေးမထားတတ်တော့ဘူး။ ။
ရိုးသက်
မေလ၊ ၁၉၉၇၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
No comments:
Post a Comment