Thursday, November 13, 2014

သက်သတ်လွတ်

                  သက်သတ်လွတ်

 

ပရိယာယ်ဥာဏ်ကို
တိတ်တဆိတ် ခိုးဖတ်ရာက စ
ရှိုက်ကြီးတငင်စိတ်ထား အမျိုးမျိုး မေတ္တာပြောင်းသွား
အခြားသော ကိစ္စများမြောင် အဆင်တန်ဆာ
နုနယ်လှသော ဖြောင့်ဖြေင့်ဖြူးဖြူး အနမ်းနဲ့
ပန်းက ရှက်တဲ့သဘောကို ဆောင်တယ်။

လူမှုရေးဖေါက်ပြန်မှု ရှိရင်
အခု သောက်နေတဲ့အရက် မမူးဘူး
မီးခိုးထွက်အောင် အူသံလှိုဏ်အောင် ကူးခတ်ခဲ့ရတဲ့လှေ
ကိုယ်က ခရေပွင့်ကြွေကလေးတွေ
ကောက်ယူဖို့သက်သက်
လူ့ဘ၀ကို ထွက်လာခဲ့တာ.........။

ဘာမှ မဆန်းကျ ယ်တဲ့ ဖုန်းဆိုးမြေဘ၀တွေကို
တရှိုက်မက်မက်နဲ့ ရင်နင့်အောင် ဖတ်ရှုဖို့
လူ့ဘ၀ကို ထွက်လာခဲ့တာ.........။

မေ့မေ့ ကျေးဇူးကို ဆပ်ချ င်စိတ်သာ ပြင်းပျ ပြီး
ဘယ်လိုမှ ဆပ်ခွင့်မသာတဲ့
လူအဖြစ် အပိုင်စားရခဲ့တာ......။

အစာ ကျေ ညက်အောင် ၀ါးစားမယ်
ပီယ၀ါစာ ကျေ ညက်အောင် ၀ါးစားမယ်
ကဗျာကို အလိုရမ္မက်ကြီးမယ်
ကမ္ဘာကို အလိုရမ္မက်ကြီးမယ်
အသက်ကြီးလာရင် ဘာဝနာ ပွာများမယ်
တစ်နေ့ထမင်းတစ်နပ်ပဲ စားမယ်
ကိုယ်ဟာ
ကမ္ဘာကြီးထဲက လူသားတို့ရဲ့ စိတ်အပူမီး
လိုက်ပြီး ငြိမ်းသတ်ရတဲ့ စိတ်မီးသတ်သမား ဖြစ်ချ င်တယ်
အတွေအခေါ်တွေ ဥသြမစွဲဘူး
ခံစားမှုတွေ လူသူလေးပါးသိအောင် ဥသြစွဲမယ်
ဥသြသံမြည်တွန်မယ့် ဟွန်းကလေး အက်ပဲ့သွားသည်ထိ
ဥသြစွဲမယ် 
အများကြီးပဲ ခြားနား ခြားနား
နည်းနည်းကလေးပဲ ခြားနား ခြားနား
ချောင်းသဲကလေး တူးယက်ပြီး
ကိုယ်တိုင် ဖေါ်သောက်ရတဲ့ရေကို
သောက်ရေသန့်တွေထက် နှစ်သက်တယ်
ရေသန့်ဖို့ထက် စိတ်သန့်ဖို့က အဓိကပါကွာ....တဲ့
ချောင်းကလေးဘေးက
ပဲ့ပြို ကျ ခါနီး ကမ်းပါးအိုကြီးက ပြောတယ်
နေ၀င်ဆည်းဆာကလေးကလည်း
သူ့စကားကို ထောက်ခံရင်း ညဆီ ကူးသွားတယ်။

အခု၊ ခပ်အုပ်အုပ် ကျိ တ်ငို ရှိုက်သံဟာ
ပူးပူးကပ်ကပ်ထိုင်၊တစ်ယောက်လက်ကို တစ်ယောက်
ကျ စ်ကျ စ်ပါအောင် ဆုပ်ကိုင်ထားကြတဲ့
ကိုယ်နဲ့ လောကဓံတရားပေါ့...............။             ။

                                                                  ရိုးသက်

                                             ဇန်န၀ါရီလ၊ ၂၀၀၄၊ FASHION မဂ္ဂဇင်း 



 

No comments:

Post a Comment