Wednesday, November 26, 2014

မိုးတွေ ကျွန်တော့်မိသားစုကို ပူခြစ်နေအောင် ရွာတဲ့နေ့က

 မိုးတွေ ကျွန်တော့်မိသားစုကို ပူခြစ်နေအောင် ရွာတဲ့နေ့က


စိတ်ကူးက တလင်းခေါင်ခေါင် ငှက်ပစ်ကွင်း
ဘ၀ကို ဘယ်အနေအထားနဲ့ ဆင်းသက်နားခိုရမလဲ
အသိ။
ထမင်းဆီဆမ်းစားဖူးတယ်
ရွှေလင်ပန်း မမြင်ဖူးဘူး
အေးစက်စက် ထုံအအ နှလုံးသားကို မေးကြည့်။
မ် က္လုံးက မ် က္ရည္က် တာ
နှလုံးသားကမှ မဟုတ်တာ
ခံစားချ များ အနက်ရောင်ဆီးနှင်းခဲ
လူနဲ့ငွေက သင်းကွဲ
အမှောင်တွေစဲသွားရင် ကြယ်တွေလည်း မရှိတော့တာ
သေချာ။
အမိ၊ အဖကို မလိမ်မညာခြင်း
ရိုးအီနေသော ထွက်ဆိုချက်များသာ
ကမ္ဘာ။
မိသားစုလေးမှာ အာမခံချ က်အပြည့်နဲ့ မွဲတေလို့
စိတ်ညစ်စရာရှိရင်တောင် စိတ်မညစ်ချ င်တော့
ဒီည....ဒီည
မနေ့ညက အိပ်မက်ကို လက်စားချေ ဖို့
ဒီည စောစော အိပ်ရာဝင်မယ်
ဘ၀ဆိုတာ အသံသာပုံချ င်းတူနေမှ
ညနေခင်းတွေက 
ပုဇွန်ဆီရောင် ယှက်သမ်းပါဦးတော့မလား
ဗလာကျ င်းလာတဲ့ မိသားစုဝင်ငွေက
ဖေဖေ့မျ က်လုံး အမြင်တွေကို
ဖုံးကွယ်ပစ်လိုက်တဲ့ အတွင်းတိမ်တွေများလား
မေမေ့မျ က်ရည်များနဲ့ ဘဏ်တိုက်ကြီးများက တခမ်းတနား
ကွန်ပျူ တာနဲ့ ငွေစက္ကူ ရေတွက်သံများက
ညီမလေးရဲ့ ညည်းတွား ငိုယိုသံများ
ဖြစ်ခဲ့ကြုံ ခဲ့မှု ဖြစ်စဉ်အတိုင်း
ပန်း ရိုင်းကလေးတွေ အေးအေးလူလူ မပွင့်မဝေခဲ့ရ
သောကတွေ တနင့်တပိုးနဲ့ စွတ်စိုခဲ့ရ
လာ၊
အခု မီးပွို င့်ဖြတ်မယ်။
အခု မျ ဉ်းကြားကူးမယ်။
အခု ခိုစာကျွေးမယ်။        ။

                               ရိုးသက်

          ဇွန်၊ ၂၀၀၅၊ IDEA မဂ္ဂဇင်း 
       ဇူလိုင်၊ ၂၀၁၁၊ IDEA မဂ္ဂဇင်း ၁၀ နှစ်ပြည့် (ပြန်လည်ဖေါ်ပြ) 



No comments:

Post a Comment