အိုင်းအနာ
ငါတို့ဟာ
အရွေးချ ယ်ခံမဟုတ်ဘူး
ရွေးချ ယ်ရမယ့်သူတွေ
အဲဒီ အော်သံက မနေ့က ရွာတဲ့ မိုးစက်
ဒီနေ့သာတဲ့ နေ
တောင်ဆိတ်တစ်ကောင် ချို သွေးသလို
ချို နဲ့ ကျောက်တုံးကြားက ထွက်ပေါ်လာတဲ့အသံ
နာခံဖို့လား၊နားခံသာဖို့လား
အခုလိုဖုန်းခေါ်သံမျိုး
ချ စ်သူညီမလေးက ပျိုးဖူးတယ်
ယိုးမယ်ဖွဲ့ကြစတမ်းဆို
အာဒံရဲ့ နံရိုးကို လက်ညှိုးငေါက်ငေါက်ထိုးမယ်
ပန်းသီးကို ပေါက်ခဲ့တဲ့ မြွေကို လက်ညှိုးငေါက်ငေါက်ထိုးမယ်။
ညအမှောင်ကို မသင်္ကာတိုင်း
ဘ၀ကို လရောင်ထဲ ဇွတ်ထိုးထည့်
အနာဂတ်အား လှမ်းမျှော်ကြည့်နေတဲ့ ကဗျာတွေကြားမှာ
ထီလက်မှတ်တွေထဲက
လှောင်ရယ်သံတချို့ကို စိမ်ပြေနပြေဆွဲထုတ်နေမိ
၏၊ သည်၊ ၍ မလွဲ တည့်တည့်လာသော လောကဓံတရားထဲမှာ။ ။
ရိုးသက်
သြဂုတ်လ၊၂၀၁၄၊စရဏမဂ္ဂဇင်း
No comments:
Post a Comment