Sunday, November 2, 2014

ငါတို့ "ဘလော့" ကြရအောင်



      ငါတို့ " ဘလော့ "  ကြရအောင်

 

                                                                ရိုးသက်


ကျွန်တော့်မျ က်စိရှေ့ မြင်လွှာတစ်ပြေးအချိ န်လေးမှာပဲ
ရန်မများစေဖို့ အတွေးအခေါ်တွေ မောင်းတင်ပြီး
ကျွန်တော်.......ဘလော့ချ လိုက်ပြီ။

ရှေးရှေးကအကြောင်းတွေ ပြန်ပြန်ရှူ နေရတာနဲ့
ကိစ္စအ၀၀ ရှေ့ရှူ ဖို့ မေ့လျော့
အဲဒီ အကြောင်းဘလော့ချ လိုက်........

၅၀ တန် ဘတ်စ်ကားပေါ် ၁၀၀ ပေးစီးစီး
၂၀၀ တန် ဘတ်စ်ကားပေါ် ၃၀၀ ပေးစီးစီး
အထူးကားကလည်း ထူးမခြားနား ပတ်ပျိုးသီချ င်းတအေးအေး
အဓိပတိစီးစီး၊သာမညစီးစီး  ဤခရီးေ၀းပါသည္မ် ားပဲ
အသက်ရှူ ကျ ပ်တယ်၊ချွေးထွက်တယ်
ဘေးထွက်ဆိုးကျိုးမဖြစ်စေဖို့ ရှေ့ကိုတိုး၊နောက်ကိုတိုး
ကျားကျားမမ၊ကျားမ မခွဲနဲ့ အားလုံးလူသားတွေ
ဒါ..........ကမ္ဘာရွာကြီးလား
အဲဒီအကြောင်း ဘလော့ချ လိုက်......

အသံထက်မြန်တဲ့ခေတ်ကို ရောက်ပြီလား
အသံက အသံပဲ၊ကားက ကားပဲ ဘာမှမဆိုင်ဘူး
ယဉ်ကြောပိတ်ဆို့လို့ ဥသြသံပိနေတဲ့ကားတွေကို အရင်ဆုံးဆွဲထုတ်
ဥသြဆွဲသံနဲ့ ငြိနေတဲ့ဘတ်စ်ကားကြီးတွေကို ဆွဲထုတ် ဆွဲထုတ်
လူ အသေအပျောက်မရှိ၊တိုက်တာအိမ်ခြေ အဆုံးအရှုံး များတယ်
သြော်......အားလုံး ကိုယ်လွတ်ရုန်းပြေးကြရတာပါလား
အဲဒီ အကြောင်း ဘလော့ချ လိုက်.........

ဆောက်လက်စ တိုက်အမြင့်ကြီးကို ငါးဖမ်းသလို ကွန်နဲ့အုပ်ထားတယ်
ကွန်အပေါက်အပြဲက ငါးအသေးအနုပ် အုတ်ခဲအကျိုးအပဲ့လေးတွေ
ခုန် ခုန် ပွက်ထ လျှံ ကျ ၊ဘာဖြစ်သွားသေးလဲ မတွေးချ င်တော့
အဲဒီ အကြောင်း ဘလော့ချ လိုက်...........

ရေနုတ်မြောင်းထဲက ရေတွေကလည်း
ဘယ်သွားမှာပါလိမ့်......ဘတ်စ်ကားတွေပေါ် ဖြည်းဖြည်းတက်ကြလို့
ကွန်းမင့်တွေ အများကြီးပေးထားတယ်
အဲဒီ အကြောင်း ဘလော့ချ လိုက်............

သိကြားမင်းကလည်း လူ့ပြည်ကို ရက်ပိုင်းပဲ ဆင်းလေတော့
ကျ န်ရှိသမျှ နေ့ရက်  အလီလီမှာ
ထင်မှတ်မထားတဲ့ ကုန်ဈေးနုန်းတွေနဲ့
ထင်မှတ်မထားတဲ့ လုပ်ကြံသတင်းတွေနဲ့
အဲဒီ အကြောင်း ဘလော့ချ လိုက်...........

ရတနာသိုက်ရှေ့ရောက်မှ ဆေးကြိမ်လုံးရှာနေတဲ့ သိုက်ဆရာသတင်းနဲ့
တီတစ်ကောင်ကို ပုရွက်ဆိတ် ၀ိုင်းကိုက်တာ မသေတဲ့သတင်းနဲ့
ဘလော့ဂါတစ်ယောက်ရဲ့ နှစ်အိမ်ကျော်က ခွေးကြီး  သေတဲ့သတင်းနဲ့
အဲဒီ အကြောင်း ဘလော့ချ လိုက်...........

 မှတ်သားထိုက်လို့ မှတ်ထားလိုက်တဲ့ အငြိုးအတေးတွေ

မဆိုစလောက် ငွေကြေးကို သင်း/ပျံ့ ပစ်လိုက်တာတွေ
ဥရောပက အာလူးနဲ့ အာရှက မဆလာ ကို  ပေါင်းစည်းဖို့
စမူဆာ က ၀င်ပြီး ငြိမ်းချ မ်းရေးလုပ်ပေးတာတွေ
ညွှတ်ကွင်းထဲ မိနေတာတောင် ထောင်ချောက်ကိုပြန်ပြီး ဦးညွှတ်အောင်
ညှို့နိုင်တဲ့ ငှက်တွေ
အဲဒီ အကြောင်း   ဘလော့ချ လိုက်........

ဒီနေရာမှာ သဲလွန်စ ရှာရင်တော့
သဲတွေ အလွန်က ရေ ကိုပဲ ရမှာပါ
ရေရတော့လည်း ရေပေါ့.......
အဲဒီ အကြောင်း ဘလော့ချ လိုက်
ဟာ.......ကြာပါတယ်ကွာ
ငါ့နာမည်နဲ့ ငါ့ရုပ်တွေ့ရင်  ဘလော့ချ လိုက်
မင်းနာမည်နဲ့ မင်းရုပ်တွေ့ရင်လည်း  ဘလော့ချ လိုက်မယ်
အသော့နှင် ဒုန်းစိုင်းလာတဲ့ ခံစားသိမြင်မှုတွေ ဘလော့ချ လိုက်

ငါတို့  ဖြူ စင်ခဲ့ပါတယ်..........
ကတွတ်ပေါက်က စောင့်တဲ့  ဗျို င်းလို
ဆည်ဝက  စောင့်တဲ့  ဗျို င်းလို။                        ။


                                                                                  ရိုးသက်


                                            အောက်တိုဘာလ၊ ၂၀၁၄၊ အိုင်ဒီယာမဂ္ဂဇင်း



 



No comments:

Post a Comment