အိမ်အပြန်
အမြင်က စိုစိုစိမ်းစိမ်း
သဲလွန်စအတိုင်း ရင်ဘတ်ထဲဝင်လိုက်တော့ သွေ့ခြောက် ခြောက်သရောင်း
အမြန်ရထားလက်မှတ် ဖြတ်အပြီး
ဘူတာရုံလေးမှာ ဥသြသံတွေ ညှို့မှိုင်းလာတယ်။
ဒဏ်ရာကို အရောင်တင်လိုက်မှ
ဦးခေါင်းအရေပြားက အထင်းသား
အခုဆို မေမေလည်း စိတ်ပမ်းကိုယ် ရှိရော့မယ်......။
တံစက်မြိတ်အောက်မှာ
ကလေးတွေ ရေမချိုးကြတော့ဘူး
လမ်းမပေါ်မှာ ဘောလုံးကန်နေကြတယ်.....။ ။
ရိုးသက်
မေလ၊ ၂၀၀၃၊ ကလျာ မဂ္ဂဇင်း
No comments:
Post a Comment