အကြမ်းဖျင်း
လူက
စည်းအပြင်ထွက်ရပ်တော့
ဒုက္ခကလည်း စည်းအပြင်မှာ...
ငါ၊
ပြေးလည်းပြေးတယ်
ကန်ရာလည်းရှိတယ်
တစ်ကမ္ဘာဆို ဆိုသလောက်
မျှော်လင့်ချက်တွေ မှိုလို မပေါက်နိုင်
ငါ့ရဲ့ လာခြင်းမကောင်းမှုများ။
ကိစ္စအ၀၀အတွက်
ကိုယ့်အကျိုးနည်းခဲ့ပါတယ်
ကိုယ်ကျိုးနည်းခဲ့ပါတယ်
တကယ့်အဖြစ်အပျက် သရုပ်မှန်တွေ။
ခရီးဆိုတာ
ဘယ်သူ့မှ ပြောစရာမလိုဘဲ သွား၍ရကြောင်း
ဘယ်သူ့မှ မပြောတော့ပါ။ ။
ရိုးသက်
HEART မဂ္ဂဇင်း၊ မေ၊ ၂၀၀၇
No comments:
Post a Comment