သွေးခြည်ဥ
သန်မာသောလက်များက
နာကျင်ခံစားနေပုံရတယ်။
စွဲစွဲမြဲမြဲ ပူလောင်စွာ ဆုပ်ကိုင်ထားရတဲ့
ဘ၀ခရီးဟာ
ကူးစက်ရောဂါတစ်မျိုးပဲ
အလွမ်းကို လက်စဖျောက်ပစ်ဖို့
ငွေကြေးက မလုံလောက်ဘူး။
ခင်ဗျားလက်
ကျွန်တော်ဆွဲမိတယ်
ကျွန်တော်လက်
ခင်ဗျားဆွဲမိတယ်
ရုပ်ရှင်က ကလေးကြိုက်တွေ မရိုက်တော့ဘူး
ရာသီမရွေး ဆေးထိုးမခံနဲ့တော့
ဆံပင်အနီရောင်ဆိုးတာလည်း
ခေတ်တစ်ခေတ်ပဲ
အသံသာသော လရောင်ဘ၀ထဲ ဖြာအကျ
ခါးကြားက သဲကြိုးမရှိတဲ့ ဖိနပ် စမ်းမိတယ်။
ပူဆာစတမ်းဆို
မေမေ့ဆီမှာ
ပူဆာစရာက အများသား
သစ်ပင်တွေပေါလျှက်
အသက်ရှုကျပ်တယ်။
ဘာပဲဖြစ်ဖြစ်
ကြေကွဲစရာရှိရင်
ကျွန်တော်က အဦးဆုံးကြေကွဲမိမှာပါ။ ။
ရိုးသက်
သြဂုတ်လ၊ ၂၀၀၂၊ ချယ်ရီ မဂ္ဂဇင်း
No comments:
Post a Comment